ရွှေအကြောင်းသိကောင်းစရာ

ရွှေဝယ်တဲ့အခါ ရောင်းဈေးဝယ်ဈေးမကွာပဲ ရောင်းဝယ်ကြရအောင်

Final Design 1

ဒီတစ်ခေါက်အားလုံးအတွက်မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ ရွှေချစ်သူတွေအနေနဲ့ ရွှေဝယ်ပြီး အရောင်းအဝယ်လုပ်ရင် ဘာကြောင့်ဈေးကွာခြားမှုရှိနေတာလဲဆိုတဲ့အကြောင်းလေးနဲ့အတူ ရောင်းဈေးဝယ်ဈေးမကွာပဲရောင်းဝယ်မှုရှိလာတော့မှာလားဆိုတဲ့အကြောင်းအရာလေးကိုဆွေးနွေးပေးချင်ပါတယ်။
ဘယ်ပစ္စည်းမဆိုအနည်းအများတော့ ရောင်းဝယ်တဲ့နေရာမှာ ရောင်းဈေးနဲ့ဝယ်ဈေးက ကွာခြားမှုရှိတတ်ပါတယ်။ ကိုယ်ဝယ်လိုက်တဲ့ ပစ္စည်းတစ်ခုကို ပြန်ရောက်တဲ့အခါ အနည်းဆုံးတော့ ဝယ်ရင်းဈေးထက် ကုန်ပစ္စည်းရဲ့ကာလပေါက်ဈေးတန်ဖိုးအလိုက် ဈေးနှုန်းခွာပြီးရောင်းချလေ့ရှိပါတယ်။

ကမ္ဘာ့ငွေကြေးဈေးကွက်မှာဆိုရင်လည်း အဓိက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဖြစ်ကြတဲ့ ဒေါ်လာဈေးကွက်နဲ့ ရွှေဈေးကွက်တွေမှာ မိမိဝယ်ယူခဲ့တဲ့ ဈေးနှုန်းနဲ့ လက်ရှိဈေးကွက်ပေါက်ဈေးပေါ်ချင့်ချိန်ပြီး နိုင်ငံအလိုက် ရောင်းဝယ်မှုဈေးကွက်တွေမှာ ဈေးခွာမှုတွေရှိပါတယ်။ ဒေါ်လာဈေးကွက်ကတော့ အမေရိကန်နိုင်ငံရဲ့နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေ စီးပွားရေးလုပ်ငန်းလုပ်ငန်းကြီးတွေရဲ့ရှယ်ယာဈေးကွက်စတဲ့ ယေဘူယအချက်တွေကိုမူတည်ပြီး အပြောင်းအလဲဖြစ်လေ့ရှိပါတယ်။ ရွှေဈေးကွက်မှာတော့ ကိုယ်ဝယ်ယူတဲ့ရွှေအမျိုးအစားကို မူတည်ပြီး လက်ရှိပေါက်ဈေးနဲ့ချိန်ပြီးရောင်းဈေးဝယ်ဈေးကွာပါတယ်။ ဥပမာ ရွှေဈေးကွက်မှာ ဒုံးရွှေဝယ်ယူတယ်ဆိုရင်တော့ ကိုယ်ဝယ်လိုက်တဲ့ ရွှေထည်ပစ္စည်းကို ပြန်ရောင်းချမယ်ဆို ရာခိုင်နှုန်းအလိုက် ဈေးခွာရောင်းချရတာမျိုးတွေရှိပါတယ်။ လျော့ရောင်းတဲ့ ရာခိုင်နှုန်းပမာဏတွေကတော့ တစ်နေရာနဲ့တစ်နေရာ တစ်ဆိုင်နဲ့တစ်ဆိုင်မတူညီကြပါဘူး။

တကယ်တော့ ရောင်းဈေး ဝယ်ဈေးခွာရတဲ့ အဓိကအကြောင်းအရင်းကတော့ ကုန်ကြမ်းပစ္စည်းဈေးကွက်မှာကတည်းက ပေါက်ဈေးဈေးနှုန်းကွာခြားမှုရှိတာကလည်း ရောင်းဈေးဝယ်ဈေးကွာခြားမှုအပေါ်သက်ရောက်မှုရှိနေတာပဲဖြစ်ပါတယ်။ ဒ့ါအပြင် ကုန်ပစ္စည်းရဲ့ သဘာဝအရည်မှီတန်ဖိုးပေါ်မူတည်ပြီး ပြန်လည်ဝယ်ယူသူဘက်ကမရှုံးရအောင် ဈေးကိုခွာပြီးရောင်းချရတာမျိုးပဲဖြစ်ပါတယ်။

အခု ၂၀၂၀ ခုနှစ် နောက်ပိုင်းမှာတော့ ရွှေဈေးကွက်မှာ ရောင်းသူရော ဝယ်သူရော မနစ်နာအောင်နဲ့ ထုတ်လုပ်မှုပိုင်းမှာ အရည်အသွေးပြည့်မှီပြီး အထည်သန့်တွေထုတ်လုပ်နိုင်အောင် အမျိုးမျိုးကြိုးစားမှုတွေပြုလုပ်ပြီး ရွှေ‌‌ဆိုင်အများစုဟာ ဝယ်ယူသူတွေအတွက်ကို ပိုပြီးအားစိုက်ထုတ်လာကြပါတယ်။ ရွှေဆိုင်တွေဟာ ရောင်းဝယ်တဲ့အခါ ဈေးခွာမှုပမာဏကို ရာခိုင်နှုန်းအနည်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးပြီး ပန်းထိမ်ပိုင်းကိုလည်း ပိုပြီးတိုးတတ်လာအောင် ခေတ်မှီ အရည်အသွေးမပြည့်မှီတဲ့စက်ပစ္စည်းတွေနဲ့အတူအားဖြည့်လာကြပါတယ်။ ယခင်ကတော့ နည်းပညာအခက်အခဲနဲ့ နည်းပညာအားနည်းမှုတွေကြောင့် ရွှေထည်တွေကိုပြန်လည်ဝယ်ယူတဲ့အခါ မူလအထည်ရဲ့ရွှေအရည်အသွေးအတိုင်း ရွှေချိန်ပြည့်မှီအောင်လုပ်ဆောင်ရတာကြောင့် ဈေးနှုန်းခွာပြီးရောင်းဝယ်မှုတွေပြုလုပ်ခဲ့ကြရပါတယ်။

ကျွန်တော်တို့ရဲ့ ဦးထုံရွှေဆိုင်က အခုဆိုရင် ရွှေဝယ်ယူသူတွေအတွက် ပိုပြီးအကျိုးများစေဖို့ရည်ရွယ်ပြီးပန်းထိမ်ဆရာတွေရဲ့အကူအညီနဲ့အတူ ပိုမိုအရည်အသွေးကောင်းမွန်တဲ့ စက်ပစ္စည်းတွေနဲ့ အထည်လက်ရာတွေရဲ့ အရည်အသွေးမကျဘဲ လှပခေတ်မှီတဲ့ဒီဇိုင်းပိုင်းနဲ့အတူ ရောင်းဈေးဝယ်ဈေးမခွာပဲ အရောင်းအဝယ်ပြုလုပ်မှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပြီပဲဖြစ်ပါတယ်။ ဒါကြောင့် ဝယ်ယူသူဘက်က အကြောင်းတစ်စုံတစ်ရာကြောင့် ပြန်လည်ရောင်းချချင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အလဲအထပ်လုပ်ချင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူထားတဲ့ရွှေတန်ဖိုးကိုတွက်ချက်ပေးပြီး ဈေးမခွာပဲပြန်လည် ရောင်းဝယ်မှု အလဲအထပ်ပြုလုပ်လာနိုင်ပြီမို့ ကျွန်တော်တို့ဝယ်ယူသူတွေအနေနဲ့ပိုပြီးအကျိုးရှိလာစေဖို့မျှော်လင့်ပါတယ်။
အခုဆိုရင် ရွှေချစ်သူတွေ ရွှေဝယ်ပြီး ဈေးကွာမှာဆိုပြီး စိတ်ပူစရာမလိုတော့ ၂၀၂၁ နှစ်သစ်ကစပြီး ရောင်းဈေးဝယ်ဈေးမကွာပဲ ရွှေဝယ်နိုင်ပြီဆိုတဲ့အကြောင်းသတင်းကောင်းပါးလိုက်ပါတယ်နော်။