နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ ရွှေဒင်္ဂါးတွေ၏အမှောင်လောကကရာဇာဝင်ရိုင်း

နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ ရှေးဟောင်းရွှေဒင်္ဂါးတွေကို တူးဖော်တွေ့ရှိရတယ်လို့ သိရပါတယ်။ အာရှတိုက်အနောက်ပိုင်းမှာရှိတဲ့ အစ္စရေးနိုင်ငံအတွင်း တွေ့ရှိခဲ့တာဖြစ်ပြီး ရှားပါးတဲ့ ရွှေဒင်္ဂါးတွေ ဖြစ်ပါတယ်။ တူးဖော်တွေ့ရှိရတဲ့ နေရာကတော့ အစ္စရေးနိုင်ငံမြောက်ပိုင်း၊ ကာဆာရီယာမြို့မှာရှိတဲ့ ရှေးဟောင်းမြေထဲပင်လယ်ဆိပ်ကမ်းအနီးမှာဖြစ်ပါတယ်။ ကရူးဆိုတ်စစ်ပွဲကာလအတွင်းထဲက တည်ရှိခဲ့တယ်လို့ ခန့်မှန်းရပြီး နှစ်ပေါင်း ၉၀၀ လောက်သက်တမ်းရှိနိုင်တယ်လို့ ခန့်မှန်းထား ကြ ပါတယ်။ အစ္စရေးအစိုးရ၊ ရှေးဟောင်းထိန်းသိမ်းရေးဆိုင်ရာဌာနကတော့ ဒီရွှေဒင်္ဂါးတွေကို တနင်္လာ နေ့မှာ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီး ကြေးအိုးငယ်တစ်ခုအတွင်း ရွှေဒင်္ဂါး ၂၅ ခုနဲ့ နားဆွဲ တွေကို တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေးအာဏာပိုင်တွေရဲ့ အဆိုအရ ဆိပ်ကမ်း အနီးမှာရှိတဲ့ အိမ်တစ်လုံးအတွင်းက ရေတွင်းထဲမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ ရေတွင်း ထဲမှာ ကျောက်တုံး ၂ တုံးကို တွေ့ရပြီး အဲဒီ ကျောက်တုံး ၂ ခုကြားမှာ ရွှေဒင်္ဂါးတွေထည့် ထားတဲ့ ကြေးအိုးကို တွေ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တွေ့ရှိရချက်တွေကို ပြန်လည်တွက်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ အက်ဘ်ဘာဆစ်ဒ်စော်ဘွားနဲ့ ဖာတီမစ်ဒ်စော်ဘွားတို့ လက်ထက်အတွင်း တည်ရှိခဲ့တာဖြစ်မယ်လို့ ဆိုကြပါတယ်။

အစ္စရေးရှေးဟောင်းထိန်းသိမ်းရေးဆိုင်ရာဌာန (IAA) ရဲ့ တူးဖော်ရေးပညာရှင်တွေကတော့ လျှို့ဝှက်ထားရှိထားတဲ့ ဒီရွှေဒင်္ဂါးပြားတွေဟာ ၁၁ ရာစုကုန်ပိုင်း လောက်တည်း က ရှိခဲ့ဟန်တူတယ်လို့ ဆိုကြပါတယ်။ အစ္စရေးရှေးဟောင်းထိန်းသိမ်း ရေးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း ဒီရတနာရွှေဒင်္ဂါးတွေဟာ ကရူးဆိုတ်စစ်ပွဲနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ဆိုခဲ့ပြီး ကာဆာရီယာမြို့မှာဖြစ်ပွားခဲ့တဲ့ ကရူးဆိုတ်စစ်ပွဲက ၁၁၀၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သဘာဝကျတဲ့လက်ခံထားမှုတစ်ခုကတော့ ဒီရွှေဒင်္ဂါးတွေကို ပိုင်ဆိုင်သူမိသားစုဟာ စစ်ပွဲအတွင်း အစုလိုက်အပြုံလိုက်အသတ်ခံရမှုထဲမှာ ပါဝင်သွားလိမ့်မယ်လို့ ယူဆထားပြီး ဒါမှမဟုတ်ရင် အဲဒီဒေသမှာရှိတဲ့ ကျွန်တွေကို ရောင်းချခဲ့သူတွေ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ အစ္စရေးရှေး ဟောင်း ထိန်းသိမ်း ရေးဆိုင်ရာဌာနရဲ့ ဒင်္ဂါးဆိုင်ရာကျွမ်းကျင်သူ ရောဘတ်ကိုးလ်ကတော့ ဒီရွှေဒင်္ဂါး တစ်ပြား ဒါမှမဟုတ် နှစ်ပြားရဲ့ တန်ဖိုးဟာ အဲဒီခေတ်အခါက သာမန်လယ်သမားတစ်ဦးရဲ့ တစ်နှစ်လ စာနဲ့ ညီမျှတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် စီးပွားရေးဆိုင်ရာ လုပ် ငန်းတစ်ခုခုမှာ ပါဝင်ဖို့ ခေတ္တသိမ်းဆည်းထားခဲ့တယ်လို့ ဆိုနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အစ္စရေး နိုင်ငံမှာ ရှိတဲ့ ကာဆာရီယာမြို့ကို ဘီစီ ၁ ရာစုမှာ ဘုရင် ဟဲရော့ဒ်က စတင်တည်ထောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ရိုမန်အင်ပါယာရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

Read more

ရွှေနဲ့လုပ်ထားတဲ့ တန်ဖိုးအကြီးဆုံးခရစ်စမတ်သစ်ပင်

ဂျာမနီနိုင်ငံမှာ ရွှေနဲ့ပြုလုပ်ထားတဲ့ တန်ဖိုးအကြီးဆုံး ခရစ်စမတ်သစ်ပင်ကို ဖန်တီးနေတယ်လို့ သိရပါ တယ်။ ဆောင်းရာသီအားလပ်ရက်တွေအတွင်းမှာ ခရစ်စမတ်ကိုဂုဏ်ပြုတဲ့အနေနဲ့ ခရစ်စမစ် သစ် ပင် ဖန်တီးတဲ့ပြိုင်ပွဲတွေကို ပြုလုပ်နေကြသလို ဂျာမနီနိုင်ငံမှာလည်း အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆ သန်း တန်ဖိုးရှိတဲ့ အကောင်းဆုံးရွှေတွေနဲ့ ဖန်တီးပြုလုပ်နေတာဖြစ်ပါတယ်။ ဖန်တီးသူတွေကတော့ ဥ ရောပရဲ့ တန်ဖိုးအကြီးဆုံးခရစ်စမတ်သစ်ပင်လို့ နာမည်ပေးထားကြပါတယ်။ ဒီသစ်ပင်ကို အရည်အ သွေး ကောင်းလှတဲ့ Vienna Philharmonic တွေနဲ့ ဖန်တီးပြုလုပ်နေတာဖြစ်ပြီး Vienna Philharmonic ဒင်္ဂါးအမျိုးအစားဟာ ရွှေအရည်အသွေးအလွန်ပြည့်ဝတဲ့ အမျိုးအစားဖြစ်ပါတယ်။ ခရစ် စမတ်သစ်ပင်ရဲ့ ထိပ်ဆုံးမှာရှိတဲ့ ရွှေကြယ်ကိုတော့ ရွှေဒင်္ဂါးပေါင်း ၂၀ အောင်စနဲ့ ဖန်တီးပြုလုပ်သွား မှာဖြစ်ပါတယ်။ အောက်ခံအနေနဲ့ ပလတ်စတစ်ကို အသုံးပြုကာ ခရစ်စမတ်သစ်ပင်ပုံစံပုံဖော် ဖန်တီး ခဲ့ပြီး တစ်နာရီကျော်ကြာ ရွှေဒင်္ဂါးတွေနဲ့ အလှဆင်ဖန်တီးခဲ့ရာမှာတော့ ခရစ်စမတ်သစ်ပင်ပုံစံ ရုပ်လုံး ပေါ် လာခဲ့တယ်လို့ ဆိုပါတယ်။ ဖန်တီးမှုအားလုံးပြီးစီးရင်တော့ ဒီခရစ်စမတ်သစ်ပင်ရဲ့ အလေးချိန်ဟာ သန့်စင်တဲ့ရွှေတွေနဲ့ အလေးချိန် ၆၃ ကီလိုဂရမ်ထိ ရှိမှာလည်းဖြစ်ပါတယ်။ ဒီရွှေသစ်ပင်ဖန်တီးမှုကို ဂျာ မနီနိုင်ငံ၊ မြူးနစ်အခြေစိုက် ရွှေရောင်းဝယ်ရေးကုမ္ပဏီ Pro Aurum က ပံ့ပိုးပေးတာဖြစ်ပြီး သစ်ပင်ရဲ့ အမြင့်က ၃ မီတာခန့်ရှိမှာလည်းဖြစ်ပါတယ်။

Pro Aurum ကုမ္ပဏီဟာ ဒီတန်ဖိုးကြီးခရစ်စမစ် သစ်ပင် ကို ဖန်တီးနိုင်ဖို့ သြစတြေးလျဒင်္ဂါးထုတ်လုပ်တဲ့ကုမ္ပဏီ Australia Mint နဲ့ ပူးပေါင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါဟာ အထူးပြုလုပ်ထားတဲ့ စပယ်ရှယ်သစ်ပင်ဖြစ်ပြီး အဓိကကတော့ တန်ဖိုးဖြစ်တယ်လို့ Pro Aurum ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘန်ဂျမင်ဆမ်မာက ပြောကြားခဲ့ပါတယ်။ လတ်တလော စျေး ကွက်အတွင်းက ရွှေစျေးအနေအထားအရ သစ်ပင်ရဲ့ တန်ဖိုးဟာ ယူရို ၂ ဒဿမ ၃ သန်း ဒါမှ မဟုတ် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆ သန်း တန်ဖိုး ရှိမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ Pro Aurum ကုမ္ပဏီအနေနဲ့ ဒီလုပ်ဆောင်မှုကြောင့် ရွှေစျေးကွက်တိုးတက်လာဖို့ ရည်မှန်းထားသလို တန် ဖိုးရှိတဲ့ ခရစ်စမတ်သစ်ပင်အဖြစ် အမှတ်တရရှိနေစေချင်တယ်လို့လည်း ဆိုပါတယ်။ ပြောရေးဆိုခွင့် ရှိသူ ဆမ်မာက အခုနှစ် ပထမနှစ်ဝက်ကာလမှာ ရွှေစျေးကွက်အတွင်း စိန်ခေါ်မှုတွေ ရှိခဲ့ပြီး ရွှေစျေး နှုန်းကလည်း လပေါင်းများစွာ ကျဆင်းနေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ စျေးကွက်အတွင်း အပြောင်း အလဲမရှိသလို ဝယ်လိုအားကလည်း နည်းပါးနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျန်နှစ်ဝက်မှာ တော့ ပြန်လည်တိုးတက်လာခဲ့ပြီး စျေးကွက်အတွင်းမှာလည်း ပြန်လည်အသက်ဝင်လာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Read more

အမှတ်စဉ်(၂)

Lorem ipsum dolor sit amet, consectetur adipiscing elit. Fusce cursus, ex sit amet congue molestie, lorem massa dictum dolor, at viverra mi sapien at dolor. Donec a eros fermentum, fringilla libero eget, imperdiet dolor. Quisque non malesuada enim, ac feugiat mauris. Phasellus sed pulvinar metus, feugiat tincidunt sapien. Vestibulum in massa auctor, varius ante ut, faucibus dui.

Read more

မဂ်လာပါ

Lorem ipsum dolor sit amet, consectetur adipiscing elit. Fusce cursus, ex sit amet congue molestie, lorem massa dictum dolor, at viverra mi sapien at dolor. Donec a eros fermentum, fringilla libero eget, imperdiet dolor. Quisque non malesuada enim, ac feugiat mauris. Phasellus sed pulvinar metus, feugiat tincidunt sapien. Vestibulum in massa auctor, varius ante ut, faucibus dui. Etiam est urna, interdum in mauris vitae, lacinia sagittis nunc. Maecenas egestas metus id sagittis elementum. Fusce nec tincidunt elit, non ultricies ex. Aenean sollicitudin ipsum erat, fringilla tincidunt elit blandit vitae. Phasellus pulvinar libero vel risus vehicula fermentum. Etiam commodo volutpat eleifend.

Read more