ရွှေဘာကြောင့်ဝယ်စုသင့်တာလဲ

ရွှေဆိုတာ မြန်မာတို့ အမြတ်တနိုးထားကြတဲ့ အဆင်တန်ဆာတစ်ခုဖြစ်ပါတယ်။ ရွှေကို အဓိကအားဖြင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ရှမ်းတဲ၊ ဂဲတောင်၊ ကမ်းပါးနီ၊ စဉ့်ကူးမြို့နယ်မှာရှိတဲ့ နွယ်ရုံ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာရှိတဲ့ မန်စီ၊ ရှမ်းပြည်နယ် ကလောမြို့နယ်မှာရှိတဲ့ ရွှေမင်းဘုံ၊ ပျဉ်းမနားမှာရှိတဲ့ ကျည်တောင်ခေါမ၊ ဆင်ဖြူတောင်ဒေသတို့မှာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။  ရှေး အခါမှာတော့ ရွှေကိုနန်းမှုနန်းရာအသုံးအဆောင်တွေပြုလုပ်ရာမှာလည်းကောင်း၊ ဆံပင်ထုံးဖွဲ့ မှု ပစ္စည်းတွေမှာလည်းကောင်း အသုံးပြုလေ့ရှိပြီး ဘုရားဆင်းတုတော်တွေ၊ စေတီပုထိုးတွေမှာလည်း ရွှေသင်္ကန်းကပ်လှူပူဇော်တာမျိုးတွေ ပြုလုပ်ကြလေ့ရှိပါတယ်။ ဒီလိုမျိုး အမြတ်တနိုးတန်ဖိုးထားရတဲ့ ရွှေဟာ ဒီကနေ့ခေတ်ကာလမှာတော့ အမြတ်တနိုးဝတ်ဆင်ကြတဲ့ အဆင်တန်ဆာအဖြစ်သာမက ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ ဝယ်ယူစုဆောင်းကြတဲ့ အရာတစ်ခုအဖြစ်ပါ တည်ရှိလာခဲ့ပါတယ်။ ရွှေကို ဘာကြောင့် ဝယ်ယူစုဆောင်းသင့်တာလဲ? ဒီအကြောင်း ပြောပြပေးပါမယ်။

၁။ တန်ဖိုးခိုင်မာခြင်း

ရွှေဟာ စမတ်ဖုန်း၊ တီဗီ၊ မော်တော်ကား အစရှိတဲ့ ဇိမ်ခံပစ္စည်းတွေလိုမျိုး ဝယ်ပြီးတာနဲ့ အနုတ်ပြတတ် တဲ့ ပစ္စည်းမဟုတ်ပါဘူး။ ရွှေဟာ သဘာဝသယံဇာတပစ္စည်းတစ်ခုဖြစ်တဲ့အပြင် တစ်ကမ္ဘာလုံးကလည်း လက်ဝတ်အဆင်တန်ဆာအဖြစ် အမြတ်တနိုးတန်ဖိုးထားကြတဲ့အတွက် တန်ဖိုးရှိတဲ့ပစ္စည်းအဖြစ် ဒီက နေ့တိုင် တည်ရှိနေတာဖြစ်ပါတယ်။ ရွှေရဲ့ တန်ဖိုးဟာ အနုတ်ထက် အပေါင်းဘက်ကိုသာ ဦးတည်နေ တာကြောင့် ငွေပိုငွေလျှံရှိပြီဆိုတာနဲ့ ရွှေဝယ်စုဖို့ အတွေးပေါ်ကြတာဖြစ်ပါတယ်။

၂။ မီးမလောင်နိုင်ခြင်း

ရွှေဟာ သတ္တုဖြစ်တဲ့အတွက် မီးဘေးအန္တရာယ်အတွင်း မီးလောင်ပြာဖြစ်သွားတဲ့ပစ္စည်းတွေထဲမှာ မပါ ပါ ဘူး။ ငွေစက္ကူတွေ စုဆောင်းသိမ်းဆည်းထားရင် မီးဘေးအတွင်း အလွယ်တကူ ပြာဖြစ်သွားနိုင်ပေ မယ့် ရွှေကတော့ အဲဒီလို မဆုံးရှုံးရနိုင်ပါဘူး။ ဒါကြောင့် ရွှေစုဆောင်းသိမ်းဆည်းခြင်းက ဇိမ်ခံပစ္စည်း တွေ၊ ငွေစက္ကူတွေ သိမ်းဆည်းစုဆောင်းခြင်းထက် ပိုပြီး အကျိုးရှိစေတယ်လို့ ဆိုကြပြီး မြန်မာလူမျိုး တော် တော်များများက ရွှေဝယ်ယူစုဆောင်းတာမျိုး ပြုလုပ်ကြလေ့ရှိပါတယ်။

၃။ သယ်ဆောင်ရလွယ်ကူခြင်း

ရှေးအခါတည်းက ရွှေတွေကို အဝတ်တွေနဲ့ ထုပ်ပြီး ယူဆောင်သွားကြတာမျိုးကို ကြားဖူးကြမှာပါနော်။ စင်စစ်အားဖြင့် ရွှေတွေဟာ ဝန်ကျစ်ကျစ်နဲ့ တန်ဖိုးများများ သယ်ဆောင်ရနိုင်တဲ့ ပစ္စည်းပါပဲ။ ရွှေတစ် ထုပ် နဲ့ တန်ဖိုးတူ ငွေစက္ကူကို ယူဆောင်သွားရင် ထမ်းပိုးရတဲ့အထိ ဖြစ်နိုင်ပေမယ့် ရွှေတွေကိုတော့ သာ သာယာယာနဲ့ ကိုယ့်ရဲ့ လက်ဆွဲအိတ်ထဲထည့်ြ့ပီး ယူဆောင်သွားနိုင်ပါတယ်။ ဒီလိုမျိုး အကျိုးရှိတဲ့ အတွက်ကြောင့်လည်း ငွေပိုငွေလျှံရှိလာရင် ရွှေဝယ်စုရမယ်ဆိုတဲ့ အတွေးပေါ်မိကြတာပေါ့။

Read more